ALMS-FOOD - ပိဏ္ဍပါတ၊ ဆွမ်း


ပိဏ္ဍပါတ (Piṇḍapᾱta) - ဆွမ်း၊ လှူဒါန်းသော စားဖွယ်။

သင့်သော အကြောင်းအားဖြင့် ပညာဖြင့်ဆင်ခြင်၍ ဆွမ်းအစရှိသော အာဟာရကို မှီဝဲသုံးဆောင်၏။ မြူးတူးပျော်ပါးခြင်းငှာ မမှီဝဲပါ။ အရေအဆင်း လှပတင့်တယ်ခြင်းငှာ မမှီဝဲပါ။ အသားအရေ ပြည့်ဖြိုးခြင်းငှာ မမှီဝဲပါ၊ ဤရူပကာယ ရပ်တည်ရုံအတွက်သာလျှင် မျှတရုံသာလျှင် ပင်ပန်းခြင်း ငြိမ်းအေးရုံသာလျှင် သာသနာနှင့် ဗြဟ္မစရိယ အကျင့်မြတ်နှစ်ပါးကို ချီးမြှောက်ရုံသာလျှင် ဆွမ်းစသော အာဟာရကို မှီဝဲ၏၊ ဤသို့ မှီဝဲသဖြင့် အဟောင်းဖြစ်သော ဆင်းရဲ ဝေဒနာကိုလည်း မဖြစ်စေအံ့။ အသစ်ဖြစ်သော ဝေဒနာကိုလည်း မဖြစ်စေအံ့။ ချမ်းသာစွာ နေရခြင်းသည် ဆွမ်းစသော အာဟာရကို ငါ့အား မျှတခြင်း၊ အပြစ်မရှိခြင်း၊ ချမ်းသာစွာနေရခြင်းသည် ဖြစ်ပါအံ့ - ဟူ၍ နှလုံးပြုကာ မှီဝဲ သုံးဆောင်၏။

ALMS-FOOD
Food for a bhikkhu offered by laity

Reflecting properly, the bhikkhu takes alms-food. He does so not for enjoyment, not for vanity (in strength), not for improvement of the body and not for a better complexion, but only to sustain the physical body, to have just enough nourishment for maintaining life, to appease hunger and to carry out the Noble Practice of Purity. (He reflects thus:) By this alms-food, I shall remove the existing (lit., old) discomfort (of hunger) and shall prevent the arising of new discomfort (from immoderate eating). I shall have just enough nourishment to maintain life and to lead a blameless life in good health.