COLLECTIONS - နိကာယ


COLLECTIONS Nikya
နိကာယ -       အပေါင်း၊ နိကာယ်။
မြတ်စွာဘုရား ဟောကြားတော်မူသော ဒေသနာအားလုံးကို ပထမသင်္ဂါယနာတင်ပွဲ၌ ပဉ္စနိကာယ်ခေါ် နိကာယ်ငါးရပ်အဖြစ် အောက်ပါအတိုင်း ပိုင်းခြားထားရှိသည် -
(၁) ရှည်လျားသော သုတ်အပေါင်းအစု (ဒီဃနိကာယ်)၊
(၂) မရှည်လွန်း, မတိုလွန်းသော အလတ်စားဖြစ်သော သုတ် အပေါင်းအစု (မဇ္ဈိမနိကာယ်)၊
(၃) အကြောင်းအရာ စသည်အလိုက် စပ်လျဉ်းရာ သုတ်အပေါင်းအစု (သံယုတ္တနိကာယ်)၊
(၄) တရားများကို တစ်ပါးစုမှ တစ်ဆယ့်တစ်ပါးစုအထိ အသီးသီး စုပေါင်းဖော်ပြထားသော တရားအပေါင်းအစု (အဂုင်္တ္တရနိကာယ်)၊
(၅) သေးငယ်သော သုတ်အပေါင်းအစု (ခုဒ္ဒကနိကာယ်)။ ပိဋကလည်းရှု။
The teachings of the Buddha were divided into five collections called Pacanikya by the arahats during the First Buddhist Council.
They are:
(1) Collection of long Discourses, Dighanikya;
(2) Collection of medium – length Discourses, Majjhimanikya;
(3) Collection of groups of connected Discourses, Sayuttanikya;
(4) Collection of numerically graduated Discourses, Aguttaranikya; and
(5) Collection of shorter, i.e., the remaining Discourses, Khuddakanikya.