CONDITIONS FOR SUCCESS - သမ္ပတ္တိစက္က


CONDITIONS FOR SUCCESS Sampatticakka
သမ္ပတ္တိစက္က -   သမ္ပတ္တိစက်၊ အလိုရှိသမျှ ပြည့်စုံစေနိုင်သော အခြေခံတရားများ။
စီးပွားချမ်းသာ၊ အောင်မြင်ကျော်ကြားခြင်း စသည်တို့ ပြည့်စုံမှုအတွက် အခြေခံ အကြောင်းရင်းဖြစ်သောကြောင့် ပတိရူပဒေသ၀ါသ စသော လေးပါးကို သမ္ပတ္တိစက် - ဟု ခေါ်သည်။ ထိုစက်လေးမျိုးနှင့် ပြည့်စုံသူသည် အချိန်တိုအတွင်းမှာပင် စီးပွားရေး စသည်၌ အောင်မြင်သူ ဖြစ်ရ၏။ စီးပွားဥစ္စာ အခြံအရံ အကျော်အစောများဖြင့် ပေါ်လွင်ထင်ရှားသူ ဖြစ်ရ၏။
သမ္ပတ္တိစက်လေးမျိုး -
(၁) ပတိရူပဒေသ၀ါသ - စီးပွားရေး, ဘာသာရေး စသည် အောင်မြင်တိုးတက်နိုင်သော အရပ်ဒေသ၌ အခြေချ နေထိုင်ရခြင်း၊
(၂) သပ္ပုရိသူပနိဿယ - ဘုရားအစရှိသော သူတော်ကောင်းနှင့် ပညာရှင် မိတ်ဆွေကောင်း အပေါင်းအသင်းများ ရှိရခြင်း၊
(၃) အတ္တသမ္မာပဏိဓိ - မိမိကိုယ်ကို လူတော်လူကောင်းဖြစ်အောင် ကောင်းစွာ ပြုပြင်ပေးရခြင်း၊
(၄) ပုဗ္ဗေ စ ကတပုညတာ - ရှေ့ပိုင်းကာလ ရှေးရှေးဘ၀က ဖြည့်ကျင့်ဆည်းပူးခဲ့သော ကောင်းသော လုပ်ဆောင်မှု များရှိရခြင်း။
ထိုသမ္ပတ္တိစက်တို့တွင် ပုဗ္ဗေ စ ကတပုညတာစက်နှင့် ပြည့်စုံမှုသည် အဓိကအကျဆုံး ဖြစ်သည်။ ပုဗ္ဗေ စ ကတပုညတာစက်နှင့် ပြည့်စုံပါမှ ပတိရူပဒေသအရပ်၌ နေထိုင်ခွင့် ရရှိနိုင်သည်။ သူတော်ကောင်းနှင့် မိတ်ဆွေကောင်း အပေါင်းအသင်းရရှိနိုင်သည်။ ပညာရှင် မိတ်ဆွေကောင်းနှင့် ပေါင်းသင်းပြီး ကြီးပွားချမ်းသာရေး နည်းစနစ် ရရှိသူမျိုးဖြစ်မှလည်း မိမိကိုယ်ကို လူတော်လူကောင်းဖြစ်အောင် ပြုပြင် ထိန်းသိမ်းနိုင်သည်။
သို့ဖြစ်၍ လောကီ, လောကုတ္တရာ ကြီးပွားတိုးတက်ရေး၌ ဘက်စုံအောင်မြင်သူ တစ်ယောက်ဖြစ်ရန် အခြေခံ အကြောင်းရင်းဖြစ်သော ကောင်းမှုလုပ်ငန်းများကို ကြိုးပမ်းအားထုတ်ကြရပေသည်။
Conditions for achieving one’s objective.
For achieving material success and fame, four conditions are necessary. When these four conditions are present, success in terms of prosperity, fame and following is attained within a short period of time.
The four conditions are:
(1) living in a place which is favourable for the attaining of prosperity and merit, pairupadesavsa;
(2) association with wise and noble persons, sappurisupanissaya;
(3) living an honest life and striving for self improvement, attasammpaidhi;
(4) having accumulated good deeds done previously, pubbecakatapuññat.
Of these, the last condition is vital because being endowed with it will contribute towards fulfillment of the remaining conditions.