CONVICTION - သဒ္ဓါ


CONVICTION Saddh
သဒ္ဓါ - သဒ္ဓါတရား၊ ယုံကြည်မှု၊ ကြည်ညိုမှု။
သဒ္ဓါတရားသည် လူသားတိုင်းမှာ ရှိထိုက်သော အရေးအကြီးဆုံး တရားတမျိုးဖြစ်သည်။ ရတနာမြတ်သုံးပါး ကံ, ကံ၏အကျိုးတရား ယခုလက်ရှိဘ၀ နောင်ဘ၀တို့၌ ယုံမှားသံသယမရှိဘဲ လေးလေးနက်နက် ယုံကြည်မှုကို သဒ္ဓါ ဟု ခေါ်သည်။ အယူဝါဒရေးရာ၌ အမြင်ကြည်လင်ပြတ်သားမှုသည် သဒ္ဓါ၏ အစွမ်းသတ္တိဖြစ်သည်။ ဘုရားဆုပန်ရာမှစ၍ ဖြစ်ပေါ်လာသော ဘုရားအလောင်းတို့၏ သဒ္ဓါတရား (အာဂမသဒ္ဓါ)၊ အရိယာပုဂ္ဂိုလ် တို့၌ ဖြစ်သော သဒ္ဓါတရား (အဓိဂမသဒ္ဓါ)၊ ရတနာမြတ်သုံးပါး၌ မတုံမလှုပ်သက်ဝင်ယုံကြည်မှု (သြကပ္ပနသဒ္ဓါ)၊ ဘုရား တရား သံဃာ ရတနာသုံးပါးကို ကြည်ညိုမှု (ပသာဒသဒ္ဓါ) အားဖြင့် ၄-မျိုးရှိသည်။
Confidence based on conviction.
Conviction based on knowledge is of paramount importance. Saddha denotes abiding conviction in the Three Gems, and the belief that beings are heirs to their own volitional actions, both in this existence and in the hereafter. A clear and incisive way of perception is the chief attribute of what is meant by the word ‘Conviction’.
Four kinds of conviction are differentiated:
(1) firm conviction arisen in a Buddha-to-be from the time of aspiring to become a Buddha, gamasaddh;
(2) firm conviction of the Ariyas, adhigamasaddh;
(3) unshakeable conviction in the Three Gems, okappanasaddh; and
(4) clearness of conviction in the Three Gems, pasdasaddh.