EIGHT MORAL PRECEPTS - ဥပေါသထသီလ


EIGHT MORAL PRECEPTS Uposathasῑla

ဥပေါသထသီလ - အင်္ဂါရှစ်ပါးရှိသော ဥပုသ်သီလ၊ ရှစ်ပါးသီလ။

ရှစ်ပါးသီလဆိုသည်မှာ အောက်ပါသိက္ခာပုဒ်များကို စောင့်ထိန်းခြင်း ဖြစ်သည် -

(၁) သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၂) ပိုင်ရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၃) မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ခြင်း၊
(၄) မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၅) မူးယစ်မေ့လျော့စေတတ်သော သေရည်သေရက် မူးယစ်ဆေးဝါးကို သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၆) နေလွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၇) ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်းတို့ကို ကြည့်ရှု့နားထောင်ခြင်းနှင့် ပန်း နံ့သာ အမွှေးအထုံ ပန်ဆင်လိမ်းကျံ တန်ဆာဆင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၈) မြင့်သောနေရာ၊ မြတ်သောနေရာကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ခြင်း။

Precepts observed on fasting days

The eight moral precepts consist in the observance of the following factors;
(1) Abstaining from killing any living being;
(2) Abstaining from taking what is not given;
(3) Abstaining from unchastity;
(4) Abstaining from telling lies;
(5) Abstaining from taking liquors and intoxicants which can lead one to forgetfulness;
(6) Abstaining from taking food after mid-day;
(7) Abstaining from dancing, singing, playing musicual instruments, seeing shows, wearing flowers and using perfumes;
(8) Abstaining from using high and luxurious beds, seats, etc.

See also FASTING DAY.