FALSEHOOD - မုသာဝါဒ


FALSEHOOD Musvda

မုသာဝါဒ -     မဟုတ်မမှန်ပြောဆိုခြင်း၊ မုသားစကား။
နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ကိုယ်လက်ပြုလုပ်၍ဖြစ်စေ သူတစ်ပါးအကျိုးပျက်စီးအောင် မဟုတ်မမှန် လိမ်ညာလျှင် မုသာဝါဒဖြစ်သည်။
သူတစ်ပါးအကျိုးစီးပွား အနည်းငယ်ပျက်စီးလျှင် အပြစ်ငယ်၏၊ များစွာပျက်စီးလျှင် အပြစ်ကြီး၏။
(၁) မဟုတ်မမှန်သော စကားဖြစ်ခြင်း၊
(၂) လိမ်ညာလိုသော စေတနာဖြစ်ခြင်း၊
(၃) လိမ်ညာ၍ ပြောဆိုခြင်း၊
(၄) ပြောမည့်အဓိပ္ပါယ်ကို သူတစ်ပါးကသိခြင်း -
ဟူသော ဤအင်္ဂါ ၄-ပါးနှင့်ညီက ကံမြောက်သည်၊ သေလျှင် အပါယ်ဘုံ၌ ဆင်းရဲစွာ ခံစားရမည်။ လူလာဖြစ်သော်မှ အောက်ပါဆိုးကျိုးများ ခံစားရမည် -
(၁) စကားမပီသခြင်း၊
(၂) သွားမညီညွတ်ခြင်း၊
(၃) ခံတွင်းပုပ်ညှီခြင်း၊
(၄) အသားအရေမွဲခြောက်ခြင်း၊
(၅) မျက်စိ, နား မကြည်လင်ခြင်း၊
(၆) ရုပ်အဆင်း ချို့တဲ့ခြင်း၊
(၇) သြဇာအာဏာမတည်ခြင်း၊
(၈) နှုတ်, လျှာ ပြောဆိုမှုကြမ်းတမ်းခြင်း၊
(၉) စိတ်မတည် လျှပ်ပေါ်လော်လည်ခြင်း။

Untruth; telling lies

Telling lies with malicious intent is musavada. The gravity of that offence corresponds to the amount of harm done.
There are four factors which make this offence complete:
(1) the statement is not true;
(2) there is the intention to lie;
(3) it is actually spoken; and
(4) others understand what has been spoken.
The liar will have to suffer in the four miserable realms, apaya, at the time of his death. If he were to be reborn in the human world he will be afflicted with the following:
(1) poor enunciation,
(2) uneven teeth,
(3) foul breath (halitosis),
(4) unhealthy complexion,
(5) poor eyesight and hearing,
(6) defective personal appearance,
(7) lack of influence on others,
(8) harshness of speech, and
(9) a flippant mind.