FIVE PRECEPTS - ပဉ္စသီလ


FIVE PRECEPTS Paṅcasῑla

ပဉ္စသီလ -      ငါးပါးသီလ၊

ငါးပါးသီလတွင် ဗုဒ္ဓဘာသာဝင်အားလုံး စောင့်ထိန်းအပ်သည့် သိက္ခာပုဒ်ငါးပါးပါဝင်၏၊ ထိုသိက္ခာပုဒ်များမှာ -
(၁) သူအသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၂) ပိုင်ရှင်မပေးသောဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၃) ကာမဂုဏ်တရားတို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၄) မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၅) မူးယစ်မေ့လျော့စေတတ်သော သေရည်သေရက် မူးယစ်ဆေးဝါးများကို သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း တို့ဖြစ်သည်။

The five precepts prescribed for every Buddhist consist of:
1. abstaining from killing;
2. abstaining from taking what is not given;
3. abstaining from sexual misconduct;
4. abstaining from telling lies;
5. abstaining from taking or using intoxicants (intoxicating wines, liquors and drugs which cause heedlessness).