FUTURE BUDDHA - မေတ္တေယျ


FUTURE BUDDHA Metteya

မေတ္တေယျ -    မေတ္တေယျဘုရားရှင်။

ဤဘဒ္ဒကမ္ဘာ၌ ပဉ္စမမြောက် ပွင့်တော်မူမည့် ဗုဒ္ဓမြတ်စွာဘုရား၏ ဘွဲ့အမည်တော်ဖြစ်သည်။ အချို့ကျမ်းတို့၌ အရိမေတ္တေယျဟုလည်း ရှိသည်။ လူတို့၏ သက်တမ်းအနှစ် ရှစ်သောင်းတို့ရောက်သောအခါ လောက၌ မေတ္တေယျဘုရားရှင် ပွင့်တော်မှုလိမ့်မည်ဟု စက္က၀တ္တိသုတ်၌ ဟောကြားထားပါသည်။ လူတို့၏ သက်တမ်းသည် အသင်္ချေယျတမ်းမှ ဆယ်နှစ်တမ်းအထိ ဆုတ်ယုတ်သွားသော ဆုတ်ကပ်နှင့် ဆယ်နှစ်တမ်းမှ တဖြည်းဖြည်း အသင်္ချေယျတမ်းအထိ တက်သွားသော တက်ကပ်ဟု နှစ်မျိုးရှိသည့်အနက် တက်ကပ်ကာလ၌ ဘုရားရှင်တို့ ပွင့်တော်မမူကြပေ။ ဆုတ်ကပ်ကာလ၌သာ ပွင့်တော်မူကြသည်။ ယခုလက်ရှိ လူတို့၏ သက်တမ်းသည် ဆုတ်ကပ်ကာလဖြစ်၍ ဆယ်နှစ်တမ်းအထိ ဆုတ်ယုတ်ဦးမည်။ ထို ဆယ်နှစ်တမ်းမှ တစ်ဖန် အသင်္ချေယျတမ်းအထိ တက်သွားမည်။ ထိုအသင်္ချေယျတမ်းမှ ဆုတ်လာပြီး အနှစ်ရှစ်သောင်းသက်တမ်းသို့ အရောက်တွင် မေတ္တေယျဘုရားရှင် ပွင့်တော်မူမည် ဖြစ်သည်။

The Buddha-to-come

Metteya Buddha or Arimetteya Buddha as it has been written in some texts, will be the fifth Buddha to attain self-enlightenment in this world known as Badda Kappa (i.e, world in which five Buddha will emerge).
The life-span of human beings runs in cycles with an increasing trend ranging from a ten-year life-span to that of uncountable years, alternating with a decreasing trend when the reverse occurs. According to the Cakkavatti Sutta, Metteya Buddha will appear in this world during a decreasing trend when a life-span of eighty thousand is reached. Buddhas make their appearance only when the life-span of human beings is on a decreasing trend.