HARSH SPEECH - ဖရုသ၀ါစာ


HARSH SPEECH Pharusavᾱcᾱ

ဖရုသ၀ါစာ -   ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း၊ ဆဲရေးကြိမ်းမောင်းခြင်း။

ဆဲဆိုကြိမ်းမောင်းရာ၌ မကောင်းသော စေတနာပါမှ ဖရုသ၀ါစာ-ဟု ဆိုနိုင်သည်၊ မိဘက သားသမီးများအား ဆဲဆိုကြိမ်းမောင်းခြင်းမှာ မကောင်းသော စေတနာ မပါခြင်းကြောင့် ဖရုသ၀ါစာ မဖြစ်ချေ။

ဤမကောင်းမှုကို ကျူးလွန်သူသည် အောက်ပါ မကောင်းသော အကျိုးငါးပါးကို ခံစားရသည် -
(၁) ငရဲ, တိရစ္ဆာန်, ပြိတ္တာဘုံ၌ ဖြစ်ရခြင်း၊
(၂) လူအများ၏ မုန်းတီးမှုကို ခံရခြင်း၊
(၃) မိမိစိတ်ကို မကြည်လင်စေခြင်း၊
(၄) အကဲ့ရဲ့ ခံရခြင်း၊
(၅) အသံကြမ်းတမ်း ပျက်စီးခြင်း။

Coarse language; vulgarities
Harsh words which parents might use sometimes to admonish their children do not count as harsh speech as no bad intent is involved. Only when there is bad intention behind the harsh words can it be called harsh speech.

The consequences of committing this offence are:
(1) being reborn in realms of continuous suffering or as an animal or as an ever-hungry being (peta);
(2) being hated by many;
(3) not having any peace of mind;
(4) being censured;
(5) having a harsh, unpleasant voice.