MERITORIOUS DEED - ပုညကိရိယ၀တ္ထု


MERITORIOUS DEED Puññakiriya vatthu

ပုညကိရိယ၀တ္ထု -      ပုညကိရိယာဝတ္ထု၊ ပြုလုပ်ထိုက်သော ကောင်းမှုလုပ်ငန်းများ။

ချမ်းသာသုခ ကောင်းကျိုးအမျိုးမျိုးကို ရစေနိုင်သည့် ပြုလုပ်ထိုက်သော ကောင်းမှုလုပ်ငန်းများကို ပုညကိရိယာဝတ္ထုဟု ခေါ်သည်။

ထိုပုညကိရိယာဝတ္ထုသည် -
(၁) ဒါန - စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း၊
(၂) သီလ - ကိုယ်မှု, နှုတ်မှုများကို စောင့်ထိန်းခြင်း၊
(၃) ဘာဝနာ - ကောင်းမှုကုသိုလ်များကို တိုးပွားအောင် ပြုလုပ်ခြင်း၊
(၄) အပစာယန - ရိုသေထိုက်သူကို ရိုသေလေးစားခြင်း၊
(၅) ဝေယျာဝစ္စ - သူတစ်ပါး၏ ကောင်းမှုကိုသိုလ် ကိစ္စများ၌ ကိစ္စကြီးငယ်များကို ပါဝင်လုပ်ဆောင်ခြင်း၊
(၆) ပတ္တိဒါန - မိမိပြုလုပ်သော ကုသိုလ်အဖို့ကို အမျှအတမ်း ပေးဝေခြင်း၊
(၇) ပတ္တာနုမောဒန - သူတစ်ပါးတို့က ကုသိုလ်အမျှပေးဝေသည်ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ခြင်း၊
(၈) ဓမ္မဿဝန - တရားကို ကောင်းစွာ နာယူမှတ်သားခြင်း၊
(၉) ဓမ္မဒေသနာ - တရားကို ဟောပြောပြသခြင်း၊
(၁၀) ဒိဋ္ဌိဇုကမ္မ - အယူကို ဖြောင့်မှန်အောင် ယူခြင်း - ဟူ၍ ၁၀-မျိုး ရှိသည်။

The following meritorious deeds bring all kinds of happiness and prosperity and are to be recommended:

(1) generosity or charity, dᾱna;
(2) morality or good moral conduct, sῑla
(3) meditation, bhᾱvanᾱ;
(4) paying due respect to those who are worthy of it, apacᾱyana;
(5) helping others perform good deeds, veyyavacca;
(6) sharing of merit after doing some good deed, pattidᾱna;
(7) rejoicing at others merit-making, pattᾱnumodᾱna;
(8) listening well to the Doctrine, dhammassavana;
(9) teaching the Doctrine, dhammadesanᾱ;
(10) straightening one’s views, diṭṭhizukamma.