MIDDLE WAY - မဇ္ဈိမပဋိပဒါ


MIDDLE WAY, THE Majjhimapaṭipadᾱ

မဇ္ဈိမပဋိပဒါ -  အလယ်အလတ်အကျင့်၊ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရား။

သစ္စာလေးပါး အမှန်တရားကို ထိုးထွင်းသိမြင်၍ ကိလေသာ အညစ်အကြေးများ ကုန်ခန်းပြီး ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းအောင် ကျင့်ကြံအားထုတ်ရာတွင် ကာမဂုဏ်ချမ်းသာ ခံစားပြီး သက်သက်သာသာနေခြင်းဖြင့်လည်း မရရှိနိုင်။ (ကာမသုခလ္လိကာနုယောဂ)၊ မိမိကိုယ်ခန္ဓာကို ဆင်းရဲပင်ပန်း နွမ်းနယ်သွားအောင် ညှင်းပမ်းနှိပ်စက်ခြင်းဖြင့်လည်း မရရှိနိုင်။ (အတ္တကိလမထာနုယောဂ)၊ အလယ်လမ်းအကျင့်သည် အစွန်းနှစ်ဖက်မှ လွတ်မြောက်သောအကျင့်ဖြစ်ပြီး ဆင်းရဲချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ပို့ဆောင်နိုင်သော အကျင့်ဖြစ်၏။

အလယ်လမ်းအကျင့်တွင် -
(၁) မှန်စွာ သိမြင်ခြင်း၊
(၂) မှန်စွာ ကြံစည်ခြင်း၊
(၃) မှန်စွာ ပြောဆိုခြင်း၊
(၄) မှန်စွာ ပြုလုပ်ခြင်း၊
(၅) မှန်စွာ အသက်မွေးခြင်း၊
(၆) မှန်စွာ အားထုတ်ခြင်း၊
(၇) မှန်စွာ အောက်မေ့ အမှတ်ရခြင်းနှင့်
(၈) မှန်စွာ တည်ကြည်ခြင်း - ဟူသော မဂ္ဂင် ရှစ်ပါး ပါဝင်၏။

The Ariya Path of Eight Constituents
In striving for purification with a view to gaining insight into the four Ariya Truths that lead to the end of all woefulness, dukkha, there are the two extremes: indulgence in sense-pleasures (Kᾱmaesukhallikᾱnuyoga) on the one hand, and self-mortification (Attakilamathᾱnuyoga) on the other. It is the Middle Way alone, steering clear of the two extremes, that can lead to Nibbᾱna, the end of dukkha.

The Middle Way consists of:
(1) right view, sammᾱ diṭṭhi;
(2) right thinking, sammᾱ saṅkappa;
(3) right speech, sammᾱ vᾱcᾱ;
(4) right action, sammᾱ kammanta;
(5) right livelihood, sammᾱ ᾱjiva;
(6) right effort, sammᾱ vᾱyama;
(7) right mindfulness, sammᾱ sati; and
(8) right concentration, sammᾱ samᾱdhi.