MORAL INTOXICANT - အာသဝ


MORAL INTOXICANT Ᾱsava

အာသ၀ -       အာသဝေါတရား။

အာသဝေါတရားဆိုသည်မှာ သတ္တ၀ါတို့၏ သန္တာန်၌ ယိုစီးနေတတ်သောတရားဖြစ်သည်။ အာသဝေါတရားတို့သည် မူးယစ်မိန်းမောစေတတ်သော သဘောကို ဆောင်ကြသည်။ ၎င်းတို့သည် လိုချင်မှုလောဘ၊ အယူမှားဒိဋ္ဌိနှင့် အမှားအမှန်မခွဲခြားနိုင်မှု မောဟတို့ဖြစ်ကြသည်။

အာသဝေါတရား ၄-ပါးရှိသည် -
(၁) ကာမာသ၀ - ကာမ၌ မူးယစ်ခြင်း၊
(၂) ဘ၀ါသ၀ - ဘ၀၌ မူးယစ်ခြင်း၊
(၃) ဒိဋ္ဌာသ၀ - အယူ၌ မူးယစ်ခြင်း၊
(၄) အ၀ိဇ္ဇာသ၀ - သစ္စာလေးပါး အမှန်တရားကို မသိခြင်း၌ မူးယစ်ခြင်း။
အာသဝေါတရား ကုန်ခန်းခြင်းဆိုသည်မှာ အရဟတ္တဖိုလ်ကို ရရှိခြင်း ရဟန္တာဖြစ်ခြင်းပင် ဖြစ်၏။

Influx; bias; canker
Ᾱsava conveys the idea of something flowing out, something that intoxicants the mind. Ᾱsavas are rooted in Craving, lobha; wrong view, diṭṭhi; and bewilderment, moha.

They are usually classified into four categories:
(1) being intoxicated in the five sense-objects kᾱmᾱsava;
(2) being intoxicated in better existences, bhavᾱsava;
(3) being intoxicated in wrong view, diṭṭhᾱsava;
(4) being intoxicated in the ignorance of the Four Ariya Truths, avijjᾱsava.

Complete extinction of Ᾱsava is attainment of arahatship.