ONCE-RETURNER - သကဒါဂါမီ


ONCE-RETURNER Sakadᾱgᾱmῑ

သကဒါဂါမီ -   သကဒါဂါမ်ပုဂ္ဂိုလ်။

သမထ ၀ိပဿနာပွားရာတွင် သကဒါဂါမိမဂ်သို့ ဆိုက်ရောက်ဆဲ ပုဂ္ဂိုလ်ကို သကဒါဂါမိမဂ်ပုဂ္ဂိုလ် - ဟု ခေါ်သည်။ ထိုမဂ်စိတ် ချုပ်ငြိမ်းသွားသည်နှင့် တပြိုင်နက် သကဒါဂါမိဖိုလ် ဖြစ်၏။ ထိုပုဂ္ဂိုလ်ကို သကဒါဂါမ်ဟု ခေါ်ဆို၏။

သကဒါဂါမ်ပုဂ္ဂိုလ်သည် ကာမဘုံ၌ ပဋိသန္ဓေနေသောအားဖြင့် တစ်ကြိမ်သာ ဖြစ်ရတော့သည်။ 
သကဒါဂါမ်ပုဂ္ဂိုလ်သည် ကာမရာဂ သံယောဇဉ်နှင့် ပဋိဃသံယောဇဉ်တို့ကို အကြွင်းမဲ့ မပယ်သတ်နိုင်သော်လည်း အားနည်းသွားအောင် ပြုလုပ်နိုင်သည်။ သကဒါဂါမ် ပုဂ္ဂိုလ်၌ ရှိနေသေးသော ကိလေသာများသည် ကျဲပါးသွားသော တိမ်လွှာကဲ့သို့ အင်အားနည်းပါးသော ကိလေသာများသာ ဖြစ်သည်။

He who is on the verge of reaching the second stage of the Path while engaged in the Tranquility and Insight meditation is called one of Sakadᾱgᾱmῑ magga. As soon as his Path-consciousness (magga-citta) ceases, the Fruition of Sakadᾱgᾱmῑ arises. He is then called Sakaᾱgᾱmῑ. A Sakadᾱgᾱmῑ is reborn only once in the Sensuous Sphere. Though he is incapable of eliminating the fetter of sensual attachment (kᾱmarᾱga) and the fetter of aversion (paṭigha), he can weaken them. The remaining defilements in him are those of insignificant strength as vanishing clouds.