OWNING UP - ဒေသနာ


OWNING UP Desanᾱ

ဒေသနာ -      ဒေသနာကြားခြင်း၊ အာပတ်ဖြေခြင်း။

သံဃာတော်အချင်းချင်း ဒေသနာကြားရသည်။ အာပတ်ဖြေရသည်။ ဘုရားရှင် သာသနာတော်၌ ရဟန်းပြု၍နေလျှင် ဘုရားရှင်ပညတ်တော်မူအပ်သော သိက္ခာပုဒ်များကို အထူးလိုက်နာ ကျင့်ကြံနေထိုင်ရ၏။ သိက္ခာပုဒ်တစ်ခုခု မကျိုးမပျက်အောင် ရဟန်းတော်များသည် သတိဖြင့် ကောင်းစွာထိန်းချုပ်နေရ၏။ ထိုသို့အမြဲတစေ ထိန်းသိမ်းလိုက်နာ နေထိုင်သည့်ကြားမှ သိက္ခာပုဒ်တစ်ခုခုကို ကျူးလွန်မိခဲ့လျှင် ထိုအပြစ်ကို ဖုံးလွှမ်း ကွယ်ဝှက်၍ မထားရ။ ဖုံးကွယ်ထားမိလျှင် ဖုံးကွယ်ထားသည့်အတွက် နောက်ထပ်အပြစ် အာပတ်များ ထပ်မံတိုးပွားလာ၏။ ရဟန်းတော်များ သိက္ခာပုဒ်ကို ထိန်းသိမ်းရခြင်းမှာ သိက္ခာပုဒ်များ များလွန်းလှသဖြင့် ဆောက်ဖျားပေါ်၌ မုန်ညင်းစေ့ တင်ရသည့်ပမာ အလွန်ခဲယဉ်း၏။

ဤသို့ ခဲယဉ်းလှသောကြောင့် ရဟန်းတော်များသည် အမှတ်မထင် သိက္ခာပုဒ်တစ်ခုခုကို ကျူးလွန်မိတတ်၏။ ထိုအခါ ထိုအပြစ်အာပတ်များကို ဖွင့်ဟ ပြောကြားရ၏၊ ကွယ်ဝှက်မထားရချေ။ မိမိ၏အပြစ်အာပတ်ကို ကွယ်ဝှက်မထားဘဲ ထုတ်ဖော်ပြောကြားခြင်းကိုပင် ဒေသနာကြားသည်ဟု ခေါ်ဆိုကြ၏။ ဤကဲ့သို့ မိမိ၏ အပြစ်အာပတ်များကို ကွယ်ဝှက်မထားဘဲ ထုတ်ဖော်ပြောကြားရသဖြင့် မိမိလိုက်နာရသော အကျင့်သိက္ခာပုဒ်များ အပေါ်၌ စိတ်ကျေနပ်မှု ဖြစ်ရ၏။ မိမိ၌ အပြစ်တစ်ခုမျှ မရှိကြောင်းသိရသဖြင့် နှစ်သက်ရ၏။ ၀မ်းမြောက်ရ၏၊ အပြစ်ရှိကြောင်း ထုတ်ဖော်ဝန်ခံပြောကြားခြင်းသည် ဘုရားသာသနာ၌ ကြီးပွားကြောင်းဖြစ်၏။

Owning up to one’s misdeeds
Buddhist bhikkhus observe the ritual of owning up to one’s misdeeds to another bhikkhu. There are so many rules for a bhikkhu regulating his thoughts and actions that even if he had been ever mindful, there is always the possibility that he could still have unwittingly committed some minor breaches. The difficulty of observing such a great number of precepts has been likened to that of balancing a mustard seed on the edge of a chisel. Therefore, the performance of this ritual as required by the disciplinary rules, gives him the peace of mind which comes with the knowledge that he is abiding by the stringent rules. Owning up to one’s misdeeds on the part of a bhikkhu is conductive to progress under the Buddha’s Teaching.