PAYING HOMAGE - ၀န္ဒနာ


PAYING HOMAGE Vandanᾱ

ဝန္ဒနာ -         ရှိခိုးခြင်း။

ရတနာမြတ်သုံးပါးတို့အား ရှိခိုးခြင်းအမှုကို ပြုကြရာ၌ ရှိခိုးခြင်း (၃)မျိုး ရှိသည်။
(၁) တည်ခြင်းငါးပါးနှင့်အညီ ကိုယ်ဖြင့် ရှိခိုးခြင်းသည် ကာယ ၀န္ဒနာမည်၏။
(၂) နှုတ်ဖြင့်ရွတ်ဆို ရှိခိုးခြင်းသည် ၀စီဝန္ဒနာ မည်၏။
(၃) ရတနာမြတ်သုံးပါး၏ ဂုဏ်ကျေးဇူးတော်များကို စိတ်အစဉ်တွင် ထင်မြင်စေလျက် စိတ်ဖြင့် ရည်မှတ်၍ ရှိခိုးခြင်းသည် မနောဝန္ဒနာ မည်၏။

Paying obeisance
There are three modes of paying homage to the Three Gems (i.e, Buddha, Dhamma and Saṁgha):
(1) kᾱyavandanᾱ - paying homage physically with the five-fold manner of contact;
(2) vacῑvandanᾱ - paying homage verbally; and
(3) manovandanᾱ - paying homage by reflecting on the supreme attributes of the Three Gems.