REPEATED CONTEMPLATION - အနုဿတိ


REPEATED CONTEMPLATION Anussati

အနုဿတိ - အဖန်ဖန်အောက်မေ့ခြင်း၊ အဖန်ဖန်သတိရခြင်း။

အနုဿတိ ဆယ်ပါးတို့မှာ အောက်ပါအတိုင်းဖြစ်သည် -

(၁) ဗုဒ္ဓါနုဿတိ - မြတ်စွာဘုရား၏ ဂုဏ်တော်ကို အဖန်ဖန်အောက်မေ့ဆင်ခြင်ပွားများမှု။ ဗုဒ္ဓါနုဿတိကို ရှုပွားရာတွင် မြတ်စွာဘုရား၏ ဂုဏ်တော် တစ်ပါးပါးကိုဖြစ်စေ အဖန်ဖန်ရှုပွားရမည်။ ဗုဒ္ဓါနုဿတိသည် စိတ်ကို ဖြူစင်စေပြီး စိတ်တည်ကြည်မှုနှင့် စိတ်ငြိမ်းချမ်းမှုတို့ကို ဖြစ်ပွားစေသည်။

(၂) ဓမ္မနုဿတိ - တရား၏ ဂုဏ်တော်ကို အဖန်ဖန်အောက်မေ့ဆင်ခြင် ပွားများမှု။ ဓမ္မာနုဿတိကို ရှုပွားရာတွင် မဂ်, ဖိုလ်, နိဗ္ဗာန်တရားတော်များ၏ ဂုဏ်တော်တို့ကို အဖန်ဖန် အောက်မေ့ဆင်ခြင် ရှုပွားရမည်။ ဓမ္မာနုဿတိသည်လည်း စိတ်ကိုဖြူစင်စေပြီး စိတ်တည်ကြည်မှုနှင့် စိတ်ငြိမ်းချမ်းမှုတို့ကို ဖြစ်စေသည်။

(၃) သံဃာနုဿတိ - သံဃာတော်၏ ဂုဏ်တော်ကို အဖန်ဖန်အောက်မေ့ဆင်ခြင် ပွားများမှု။ သံဃာနုဿတိကို ရှုပွားရာတွင် အရိယာသံဃာတော်၏ ဂုဏ်တော်ကိုးပါးအနက် တစ်ပါးပါးကိုဖြစ်စေ, အားလုံးကိုဖြစ်စေ အဖန်ဖန် ရှုပွားရမည်။ သံဃာနုဿတိသည်လည်း စိတ်ကိုဖြူစင်စေပြီး အလွန်အကျိုး ကြီးမားသည်။

(၄) သီလာနုဿတိ - သီလ၏ ဂုဏ်တော်ကို အဖန်ဖန်အောက်မေ့ဆင်ခြင်ပွားများမှု။ မိမိစောင့်ထိန်းထားသော သီလ၏ မကျိုးမပေါက် မပြောက်မကြားပုံတို့ကို အဖန်ဖန်အောက်မေ့ ဆင်ခြင်ပွားများမှုကို သီလာနုဿတိဟု ခေါ်သည်။ သီလာနုဿတိသည် စိတ်ကိုဖြူစင်စေပြီး စိတ်တည်ကြည်မှုနှင့် စိတ်ငြိမ်းချမ်းမှုတို့ကို ဖြစ်ပွားစေသည်။

(၅) စာဂါနုဿတိ - လှူဒါန်းပေးကမ်းခဲ့ခြင်းကို အဖန်ဖန်အောက်မေ့ခြင်း။ မိမိ ရက်ရက်ရောရော စွန့်ကြဲပေးကမ်း လှူဒါန်းခဲ့သောဂုဏ်ကို အာရုံပြု၍ အဖန်ဖန်အောက်မေ့ ဆင်ခြင်ပွားများမှုကို စာဂါနုဿတိ ဟု ခေါ်သည်။

(၆) ဒေ၀တာနုဿတိ - နတ်ဗြဟ္မများကို သက်သေထား၍ မိမိပြုထားသည့် ကုသိုလ်ကောင်းမှုများကို အဖန်ဖန် အောက်မေ့ဆင်ခြင် ပွားများမှု။ သူတော်ကောင်းတရား ခုနှစ်ပါးနှင့် ပြည့်စုံသူများ ကွယ်လွန်ကြသည့်အခါ နတ် ဗြဟ္မာများ ဖြစ်ကြရသည်။ ငါ့တွင်လည်း ထိုသို့သော သူတော်ကောင်းတရားများ ရှိပေ၏ - ဟု အဖန်ဖန် အောက်မေ့ဆင်ခြင်ခြင်းကို ဒေ၀တာနုဿတိဟု ခေါ်၏။ ဒေ၀တာနုဿတိ သည်လည်း စိတ်ကိုဖြူစင်စေနိုင်သော အနုဿတိတစ်ပါးပင်ဖြစ်သည်။

(၇) ဥပသမာနုဿတိ - နိဗ္ဗာန်၏ဂုဏ်ကို အဖန်ဖန်အောက်မေ့ ဆင်ခြင်ခြင်း။

(၈) ကာယဂတာဿတိ - မိမိခန္ဓာကိုယ်၏ ကောဋ္ဌာသ ၃၂-မျိုးကို အဖန်ဖန်အောက်မေ့ဆင်ခြင် ပွားများမှု၊ ထိုသို့ဆင်ခြင်ပွားများခြင်းသည် စိတ်ကိုဖြူစင်စေပြီး သမာဓိကု ဖြစ်ပေါ်စေသည်။

(၉) မရဏာနုဿတိ - သေခြင်းတရားကို အဖန်တလဲလဲ အောက်မေ့ခြင်း။ ငါ၏ အသက်ရှင်ခြင်းသည် မမြဲ၊ ငါ၏ သေခြင်းသည် မြဲ၏ - ဟု အဖန်ဖန်အောက်မေ့ဆင်ခြင်ပွားများမှုကို မရဏာနုဿတိဟု ခေါ်သည်။ ဤသို့ ရှုပွားခြင်းသည် မာန, လောဘ, ဒေါသ စသည်တို့ကို လျော့ပါးစေပြီး၊ စိတ်ဖြူစင်မှုကို ဖြစ်ပွားစေ၏။

(၁၀) အာနာပါနဿတိ - ထွက်သက်၊ ၀င်သက် လေတို့ကို သတိထား၍ ရှုပွားခြင်း။ ဤသို့ ရှုပွားခြင်းသည် စိတ်ကို ဖြူစင်စေပြီး သမာဓိကို ဖြစ်စေနိုင်သည်။

Constant mindfulness; repeated contemplation

Constant mindfulness of ten things consists of :-

(1) reflecting on the virtues of the Buddha, Buddhᾱnussati : reflecting repeatedly on any one or all of the nine virtues of the Buddha, which leads to concentration and peace of mind.

(2) reflecting on the virtues of Dhamma, Dhammᾱnussati : reflecting repeatedly on the virtues of the Path and Fruition, which leads to concentration and peace of mind.

(3) reflecting on the virtues of the Saṁgha, Saṁghᾱnussati : reflecting repeatedly on any one or all of the nine attributes of the Noble Ones, the Ariyas, which ennobles the mind and brings benefits:

(4) reflecting on the perfection of morality, Sῑlᾱnussati, is repeatedly reflecting on the untainted, wholesomeness of one’s morality which promotes peace and tranquility of the mind.

(5) reflecting on one’s charitable deeds, Caganussati, is repeatedly reflecting on the meritorious nature of one’s charitable deeds and generous gifts which ennobles the mind and develops the power of concentration.

(6) reflecting on one’s virtue and thinking of celestial beings as precedents, Devatanussati, is repeatedly dwelling on the strength of one’s convictions and the like, thinking of precedents where such virtues result in being born as devas or brahmas, thus one’s heart is with peace and joy.

(7) reflecting on the sublime attributes of Nibbᾱna, Upasmanussati, is repeatedly reflecting on the attainment of Nibbᾱna.

(8) reflecting on the constituent parts of the body, Kayagatasati, meditating on the 32 constituent parts of the body which helps purify the mind and builds up concentration.

(9) reflecting on the nature of death, Marananussati, repeatedly reflecting on the inevitability of death, compared to the uncertainty of life which tends to lessen thoughts of conceit, greed, hatred, etc, and leads to purification of the mind.

(10) being mindful of out-breath and in-breath, Anapanassati, contemplating out-breathing and in-breathing which helps purify the mind and builds up concentration.