REJOICING IN OTHERS’ MERIT - ပတ္တာနုမောဒန


REJOICING IN OTHERS’ MERIT Pattᾱnumodana

ပတ္တာနုမောဒန - သူတစ်ပါးတို့ ကုသိုလ်ကောင်းမှုပြုသည်ကို ၀မ်းမြောက်ခြင်း၊ သူတပါးတို့က အမျှပေးဝေသော ကုသိုလ်အဖို့ကို ၀မ်းမြောက် ၀မ်းသာ သာဓုခေါ်ခြင်း။

သူတပါးကို ကုသိုလ်ကောင်းမှုပြုသည်ကို ၀မ်းမြောက်မှု၊ သာဓုခေါ်မှုတို့သည် စိတ်စေတနာထက်သန်လျှင် ထက်သန်သလောက် ဘ၀များစွာ ကောင်းကျိုးပေးနိုင်သည်။ ၀မ်းမြောက်ဝမ်းသာဖြစ်ခြင်း သာဓုခေါ်ဆိုခြင်းဖြင့် ကုသိုလ်ပြုသူနှင် ထပ်တူထပ်မျှ ကောင်းကျိုးချမ်းသာများကို ရရှိနိုင်သည်။ သို့ဖြစ်၍ အမျှပေးဝေသော ကုသိုလ်အဖို့ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုရ၏။

ထေရ၀ါဒ ဗုဒ္ဓသာသနာ၌ အမျှပေးဝေခြင်း၊ သာဓုခေါ်ဆိုရခြင်းသည် အလွန်အရေးပါလှသော ကိစ္စတစ်ရပ်ဖြစ်သည်။ အထူးသဖြင့် ကွယ်လွန်သူ မိဘဘိုးဘွားများ၊ ဆွေမျိုးသားခြင်းများအတွက် သံဃာတော်များ ပင့်ဖိတ်၍ သတ်သတ်မှတ်မှတ် ရည်စူးပြီး ကုသိုလ်ဒါနပြုပေးရသည်။ သာဓုခေါ်ဆိုနိုင်လျှင် ပြိတ္တာဘ၀မှ နတ်ဘ၀သို့ ချက်ချင်းရောက်ရ၏။ မတော်တဆ စားရမဲ့ ၀တ်ရမဲ့ပြိတ္တာဘ၀ရောက်ခဲ့သော် လူအချင်းချင်းကဲ့သို့ ပေးကျွေး၍မရ။ ဤအမျှဝေခြင်း သာဓုခေါ်ခြင်း အလုပ်မှတစ်ပါး အခြားလွတ်မြောက်နိုင်သော နည်းလမ်းမရှိ။ သံဃာတော်ဂုဏ်ကျေးဇူးသည် ဤကိစ္စ၌ လွန်စွာထင်ရှားသည်။

By rejoicing in others’ deed of merit and saying “Sadhu (Well-done!)” one gains the same amount of merit as the author of the deed.

Sharing of merit gained and saying “Well-done!” in appreciation, play a vital role in Theravᾱda Buddhism. Offering of food to saṁgha, in memory of one’s departed parents, relatives and friends are especially important. Should they be reborn as ever-hungry beings (petas), in need of food and clothes as those miserable beings are wont to be, one’s call to share merit will be their only means of release, for if they were to say “Well-done!” in response, they would be immediately reborn in the celestial realms. This also makes the attributes of the Saṁgha monastic order most evident.

See also SHARING OF MERIT.