SHRINE - စေတိယ


SHRINE Cetiya

စေတိယ - စေတီ၊ ပုထိုး၊ ကိုးကွယ်ပူဇော်အပ်သောအရာ။

လူနတ်ဗြဟ္မာ သတ္တ၀ါတို့ လေးလေးမြတ်မြတ် ပူဇော်အပ်သောအရာ အုတ်ကျောက် စသည်တို့ဖြင့် မြင့်မြင့် မောက်မောက်တည်ဆောက်ပြုလုပ်ထားအပ်သောအရာကို “စေတီ” ဟူ၍ ခေါ်ဆိုသည်။

စေတီလေးမျိုးရှိသည် -
(၁) ပရိဘောဂစေတီ - ဘုရားရှင်၏ အသုံးအဆောင်ဖြစ်သော ရေစစ်၊ ခါးပန်းကြိုး၊ သင်္ကန်း၊ သပိတ် စသည်လည်းကောင်း၊ ထိုပစ္စည်းများကို ထည့်သွင်းဌာပနာ၍ တည်ထားအပ်သော စေတီသည်လည်းကောင်း၊ ဘုရားရှင်၏ သဗ္ဗညုတဉာဏ်ရရှိရာ ဗောဓိပင်သည်လည်းကောင်း ပရိဘောဂစေတီမည်၏။ စေတီထိုက်သော အသုံးအဆောင်များဟု ဆိုလိုသည်။

(၂) ဓာတုစေတီ - ဘုရားရှင်၏ သရီရဓာတ်တော်များသည် လည်းကောင်း၊ ၎င်းတို့ကိုထည့်သွင်း၍ တည်ထားအပ်သောစေတီသည်လည်းကောင်း ဓာတုစေတီ မည်၏။

(၃) ဓမ္မစေတီ - ဘုရားရှင်ဟောကြားထားသော တရားတော်များကို ရေးသားထားသော ပေစာ စာအုပ် စသည်တို့သည်လည်းကောင်း၊ ၎င်းတို့ကို ထည့်သွင်းဌာပနာ၍ တည်ထားအပ်သော စေတီသည်လည်းကောင်း ဓမ္မစေတီမည်၏။

(၄) ဥဒ္ဒိဿကစေတီ - ဘုရားရှင်ကို ရည်မှတ်၍ ပြုလုပ်အပ်သော ဘုရားရှင်ကိုယ်စား ရုပ်ပွားဆင်းတုတော်, သဲပုံစေတီ စသည်တို့သည် ဥဒ္ဒိဿကစေတီ မည်၏။

Pagoda; temple; stupa; edifice.
A thing which is honoured, venerated and paid homage to by men, devas and brahmas.
These stupas or shrines are often built up with bricks to some considerable height and are called cetiyas.

There are four types of cetiya :
(1) Paribhoga cetiyas which include the Buddha’s personal belongings, such as water strainer, girdle, robes and alms-bowl; also the edifices where any one of these are enshrined; as well as the Bodhi tree where the Buddha attained Enlightenment;

(2) Dhᾱtu cetiyas which are the Buddha’s relics and the stupas or edifices where any one of these relics are enshrined;

(3) Dhamma cetiyas which are the books and palm-leaves, etc, on which the Buddha’s teachings are recorded and the stupas or edifices where these are enshrined; and

(4) Udissaka cetiyas which are the images and statues of the Buddha.