SLANDER - ပိသုဏ၀ါစာ


SLANDER Pisuṇavᾱcᾱ


ပိသုဏ၀ါစာ - ချောပစ်ကုန်းတိုက်သော စကားကို ပြောကြားခြင်း။

ချစ်ခင်ညီညွတ်နေသူနှစ်ဦး စိတ်ဝမ်းကွဲပြားစေရန် ဖြစ်စေ၊ မိမိအား ချစ်ခင်လာစေရန်ဖြစ်စေ ရည်ရွယ်၍ တစ်ဦး၏ မကောင်းကြောင်းကို အခြားတစ်ဦးအား ပြောကြားခြင်းကို ပိသုဏ၀ါစာ ဟု ခေါ်ဆိုသည်။

ဤမကောင်းမှုကို ကျူးလွန်၍ ဖြစ်ပေါ်သည့် ဆိုးကျိုးများမှာ -
(၁) အပါယ်လေးပါးသို့ လားရခြင်း၊
(၂) ချစ်ခင်သူတို့နှင့် ကွေကွင်းရခြင်း၊
(၃) မိတ်ဆွေခြံရံ နည်းပါးခြင်း၊
(၄) သူတော်ကောင်းတရား၌ သဒ္ဒါပျက်တတ်ခြင်း၊
(၅) သူတစ်ပါးတို့ လုံ့လကြောင့် သေရခြင်း၊
(၆) စိတ်ညစ်ညူး စိုးရိမ်ရခြင်း - တို့ဖြစ်သည်။

Backbiting; calumny
Slander means talking ill about someone to someone else with the intention of causing disagreement between two good friends or to win over someone.

The consequences of committing this offence is as follows :-
(1) being reborn in the four miserable existences,
(2) having to part form loved ones,
(3) having few friends and followers,
(4) losing confidence in the dhamma of the virtuous,
(5) dying at the hands of others, and
(6) having a troubled, restless mind.