TAKING INTOXICANTS - သုရာမေရယ


သုရာမေရယ (Surᾱmeraya) - မူးယစ်မေ့လျော့စေတတ်သော သေရည်သေရက်စသည်တို့ကို သောက်စားခြင်း။

သေရည်သေရက်၊ ဘိန်း၊ ဘင်း၊ ကစော်၊ လှော်စာ၊ ကုတ်ကင်း၊ ဆေးခြောက်၊ ဘိန်းဖြူစသော မူးယစ်စေတတ်သော မည်သည့်ပစ္စည်းတို့ကိုမဆို သောက်စားသုံးစွဲမှုမျိုးကို သုရာမေရယဟု ခေါ်သည်။ ထိုအရာများကို သောက်စား သုံးစွဲခြင်းသည် ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့ခြင်း၏ အကြောင်းဖြစ်သည်။ ဤသေရည်သေရက်စသည်များကို သောက်သောသူသည် မူးယစ်မှုအားကြီးလာသောအခါ အချင်းချင်းကိုဖြစ်စေ အခြားသူကိုဖြစ်စေ ရိုက်မှု၊ သတ်မှု၊ ခိုးမှု၊ လိမ်ညာမှု၊ အိမ်ရာပြစ်မှားမှု စသည်များ ဆက်လက်ကျူးလွန်မိတတ်သည်။ ဤသူသည် ဤဘ၀မှာပင် အသက်ဆုံးရှုံးရသည်အထိ ဆိုးကျိုးများဖြစ်စေပြီး၊ သေသောအခါဝယ် ငရဲ၌ ကျရောက်တတ်သည်။ ဖြစ်လေရာဘ၀တိုင်းမှာ အောက်ပါဆိုးကျိုးများ ခံစားရတတ်သည်။

(၁) အရေးအခွင့် သင့်မသင့်ကို မသိခြင်း၊
(၂) ပျင်းရိတတ်ခြင်း၊
(၃) မေ့လျော့မူးဝေတတ်ခြင်း၊
(၄) သူ့ကျေးဇူးမသိခြင်း၊
(၅) အရှက်အကြောက်ကင်းခြင်း၊
(၆) ရူးသွပ်ခြင်း၊
(၇) မကောင်းမှုကို ကျုးလွန်လွယ်ခြင်း။

TAKING INTOXICANTS
Taking intoxicants and narcotic drugs such as alcohol, hashish, cocaine, marijuana, heroin and the like result in forgetfulness to do deeds of merit and excessive use can lead to the committing of wrongful assault, murder, lying, adultery, etc. The consequences of using intoxicants and narcotics and be fatal, cause one to be reborn in the four woeful states and suffer from the following evil consequences in successive existences:

(1) being divorced from reality;
(2) laziness;
(3) torpidity and forgetfulness;
(4) being ungrateful to one’s benefactor;
(5) not being ashamed or afraid of being immoral;
(6) insanity;
(7) propensity for evil.