TAKING REFUGE - သရဏဂမန၊ သရဏဂုံ


သရဏဂမန (Saraṇagamana) - သရဏဂုံ၊ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်ခြင်း။

ယုံကြည်မှုသဒ္ဒါ၊ ထိုသဒ္ဒါကို အခြေခံသောအသိ ဉာဏ်ပညာဖြင့် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - စသည်ဖြင့် သုံးကြိမ် နှုတ်မြွက်ရွတ်ဆို၍ ခံယူဆောက်တည်ခြင်းသည် သရဏဂုံမည်၏။

သရဏဂုံ ဆောက်တည်ပုံမှာ -

- ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ = ဘုရားကို ကိုးကွယ်ဆည်းကပ်ပါ၏။
- ဓမ္မံ သရဏံ ဂစ္ဆာမိ = တရားကို ကိုးကွယ်ဆည်းကပ်ပါ၏။
- သံဃံ သရဏံ ဂစ္ဆာမိ = သံဃာကို ကိုးကွယ်ဆည်းကပ်ပါ၏ - ဟု သုံးကြိမ်တိုင်အောင် ရွတ်ဆို ဆောက်တည်ရသည်။
TAKING REFUGE
Going to the Three Gems for refuge

Saying the words trice “I go to the Buddha for refuge”, etc, with conviction in the Three Gems and full comprehension of one’s action based on that conviction, amounts to taking refuge. The formula in taking refuge runs as follows:

“I go to the Buddha for refuge.”
“I go to the Dhamma for refuge.”
“I go to the Saṁgha for refuge.”