THEFT - အဒိန္နာဒါန


အဒိန္နာဒါန (Adinnᾱdᾱna) - ပိုင်ရှင်က ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်း။

ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ပိုင်ရှင်က မပေးသောဥစ္စာကို ခိုးယူခြင်း၊ ဓားပြတိုက်ယူခြင်း၊ လိမ်ညာယူခြင်း၊ လှည့်ပတ်ယူခြင်း၊ အရောင်းအ၀ယ်ပြုလုပ်ရာ၌ အလေးတင်းတောင်း ချိန်ခွင်စသည်ဖြင့် မမှန်မကန်ပြုခြင်း၊ ရောင်းကုန်တိုးအောင်ရေထိုးခြင်း စသည်ဖြင့် မရိုးမသား မတရားပြုလုပ်၍ယူခြင်း မှန်သမျှသည် အဒိန္နာဒါန ဖြစ်သည်။ အပြစ်ကြီးမှု ငယ်မှုသည် ဥစ္စာရှင်၏ အကျင့်သီလ ဂုဏ်သိက္ခာကို လိုက်၍လည်းကောင်း၊ ဥစ္စာတန်ဖိုးအနည်းအများကိုလိုက်၍လည်းကောင်း ခြားနား၏။ အဒိန္နာဒါနပြုသူသည် အောက်ပါဆိုးကျိုးများကို ခံစားရတတ်သည်။

(၁) အလွန်ဆင်းရဲမွဲတေခြင်း၊
(၂) မနားမနေ ပင်ပန်းဆင်းရဲကြီးစွာ အလုပ်လုပ်ရခြင်း၊
(၃) ငတ်မွတ်ခြင်း၊ အစာရေစာ ရှားပါးခြင်း၊
(၄) လိုရာဆန္ဒနှင့် မပြည့်စုံခြင်း၊
(၅) စီးပွားပျက်ခြင်း၊
(၆) ရန်သူမျိုးငါးပါး ဘေးဒဏ်နှင့် ကြုံရခြင်း၊

THEFT
Taking what is not given by open action or express order

Taking what has not been given willingly by word, deed or in writing, but obtaining it through stealing, by threat or use of force, taking something which should rightfully belong to another in transactions through the practice of artifice, deception, shortchanging or adulteration amounts to theft. The gravity of the offense will vary according to the morality and conduct of the owner and the value involved. Committing the offense of theft results in being consigned to the woeful states and to suffer the following evil consequences in successive existences :-

(1) dire poverty;
(2) need to work incessantly;
(3) hunger and starvation;
(4) wishes being unfulfilled;
(5) loss of fortunes;
(6) destruction at the hands of the five enemies.