VOLITION - စေတနာ


စေတနာ (Cetanᾱ) - စေတနာ စေတသိက်၊ စေ့ဆော်တိုက်တွန်းတတ်သော သဘောတရား၊ ပြုပြင်စီရင်တတ်သော သဘောတရား။

ကောင်းသောအမှု၊ မကောင်းသောအမှုကို ပြုလုပ်ရာ၌ ထိုစေတနာသည် အရင်းခံ ပဓာနဖြစ်သောကြောင့် စေတနာကို ကံဟု ဘုရားဟောသည်။

ယင်းစေတနာသည် သုံးမျိုးရှိသည် -
(၁) ပုဗ္ဗစေတနာ - မလှူမီ ရှေ့ပိုင်းကာလ၌ ဖြစ်ပေါ်သော စေတနာ။
(၂) မုဉ္စစေတနာ - ပေးလှူနေဆဲကာလ၌ ဖြစ်ပေါ်သော စေတနာ။
(၃) အပရစေတနာ - လှူပြီးနောက်ပိုင်းကာလ၌ ဖြစ်သော စေတနာ။

VOLITION
Mental concomitant of volition

That which motivates action
Cetanᾱ is called kamma because it is the basic principle in doing actions whether good or bad.

Cetanᾱ is of three parts :-
(1) Pubba-cetanᾱ that arises before giving,
(2) Munca-cetanᾱ that arises in the act of giving, and
(3) Apara-cetanᾱ that arises after giving.