WORD OF THE BUDDHA - ဗုဒ္ဓ၀စန


ဗုဒ္ဓ၀စန (Buddhavacana) - ဘုရားစကားတော်။

(၁) ပထမဗုဒ္ဓ၀စန - ဘုရားအဖြစ်သို့ရောက်ရှိပြီး၊ ပထမဆုံးမြွက်တော်မူသောစကား။ “ခန္ဓာအိမ်ကို တည်ဆောက်ပေးသော တဏှာယောက်ျား အို-လက်သမား၊ သင့်ကို မတွေ့မမြင်ခဲ့သည့်အတွက် ဘ၀ပေါင်းများစွာ သံသရာတွင် ကျင်လည်ခဲ့ရပြီး၊ အဖန်ဖန် ပဋိသန္ဓေနေရခြင်းဖြင့် ဆင်းရဲတွင်း နက်ခဲ့ရသည်” စသည်ဖြင့် ဥဒါန်းကျူးရင့်သော ဘုရားစကားတော်။

(၂) မဇ္ဈိမဗုဒ္ဓ၀စန - ဘုရားအဖြစ်သို့ရောက်ရှိ၍ ဥဒါန်းကျူးရင့်ပြီးသည့်နောက်မှ ပရိနိဗ္ဗာန်မပြုမီ မြွက်ကြားသည့် နောက်ဆုံးမှာကြားသော စကားမတိုင်မီအတွင်း ဟောကြားခဲ့သော စကားတော်များ၊ တရားတော်များ။

(၃) ပစ္ဆိမဗုဒ္ဓ၀စန - မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုအဲ့ဆဲဆဲ၌ နောက်ဆုံး မြွက်ကြားတော်မူခဲ့သော “ချစ်သား ရဟန်းတို့ သင်တို့ကို ငါဘုရား နောက်ဆုံးစကား မှာကြားခဲ့သည်။ သင်္ခါရတရားမှန်သမျှ ပျက်စီးခြင်းသဘော ရှိကုန်၏။ မမေ့မလျော့သော သတိတရားနှင့် ပြည့်စုံကြကုန်လော့” ဟူသော စကားတော်။

WORD OF THE BUDDHA

(1) Paṭhama Buddha-vacana: The first word of the Buddha, the solemn utterance breathed forth which is “Craving, you builder of the house of the body. Failing to see you, I have wandered through innumerable births in Saṁsara and experienced the worst dukkha”, etc.

(2) Majjhima Buddha-vacana: The interim saying said during the period between his first solemn utterance and his attainment of Nibbana.

(3) Pacchima Buddha-vacana: The last message left on the verge of attaining Nibbᾱna which is “Dear bhikkhu, I do leave now my final word for you. All conditioned things have the nature of destruction. Be endowed with mindfulness.”